Saturday, 4 July 2009

"မလှူကောင်းသော အလှူ(၁၀)မျိုး"

၁။ မဇ္ဇဒါန -သေရည်သေရက်ကို လှူခြင်း၊
၂။ သမဇ္ဇဒါန -ဇာတ်ပွဲသဘင်ကို လှူခြင်း၊
၃။ က္ကတ္တိဒါန -မိန်းမကို လှူခြင်း၊
၎။ ဥသဘဒါန -နွားလားဥသဘကို လှူခြင်း၊
၅။ စိတ္တကမ္မဒါန -ကိလေသာထကြွစေနိုင်သော ပန်းချီရုပ်ပုံကိုလှူခြင်း၊
၆။ သတ္ထဒါန -လက်နက်ကိုလှူခြင်း၊
၇။ ၀ိသဒါန -အဆိပ်ကို လှူခြင်း၊
၈။ သင်္ခလိကဒါန -သံခြေကျင်းကို လှူခြင်း၊
၉။ ကုက္ကူဋသူကရဒါန - ကြက်ဝက်တို့ကို လှူခြင်း၊
၁၀။ ကူဋဒါန -ချိန်စဉ်းလဲ တောင်းစဉ်းလဲ များကိုလှူခြင်း၊
ဖော်ပြပါပစ္စည်း(၁၀)မျိုးကို လှူလျှင် ကုသိုလ်မရဘဲ အပယ်သို့ရောက်နိုင်ပါသဖြင့်
သတိပြုဆင်ခြင်ပြီး လှူဒါန်းကြရန် ရေးသားလိုက်ရပါသည်။

No comments:

Post a Comment

0 comments:

Post a Comment